Friday, July 20, 2012

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြည့်ရှု့လေ့လာသူများဖြင့် စည်ကားများပြား

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို (၆၅) နှစ်မြောက် အာဇာ နည်နေ့အထိမ်းအမှတ်ဖြစ်  ဇူလိုင်လ ၁၉ ရက်နေ့ ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ် ပြသသည်။ 
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျောင်းသာကျောင်းသူများ၊ နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များနှင့် နိုင်ငံခြားသားများအပါအ၀င် စုစုပေါင်း ၁၆၁၉၇ ဦး လာရောက်ကြည့်ရှု့လေ့ လာကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ကြည့်ရှု့လေ့လာသူများ စနစ်တကျ ကြည့်ရှု့လေ့လာနိုင်ရေးအ တွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးကြပြီး ဗဟန်းမြို့နယ် ကျန်းမာရေး ဦးစီဌာနမှ ဆရာဝန်နှင့် သူနာပြုများကလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မူများ ပြုလုပ်ပေးကြသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အများပြည်သူများ ကြည့်ရှု့လေ့လာနိုင်ရန် တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင်ရုံး ပိတ်ရက်များမှ အပ နေ့စဉ် နံနက် ၁၀ နာရီမှ ၄ နာရီအထိ ဖွင့်လှစ်ထားရှိပြီး ၀င်ကြေးမှာ လူကြီး ၃၀၀ ကျပ်၊ ကလေး၊ သံဃာတော်များနှင့် သီလရှင်များအတွက် ၁၀၀ ကျပ် သတ်မှတ်ထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ နှစ်ပေါင်း ၉၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက အဆောက်အ အုံပြု ပြင်ခြင်း၊ မြေထိန်းနံရံပြုပြင်ခြင်းနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရပါသည်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews