Thursday, July 5, 2012

တောင်ကိုရီးယားက ဂျပန်နှင့် စစ်ရေး လေ့ကျင့် သွားမည်

ဒုတိယ ကမ္ဘာစစ်က ကိုလိုနီ အမွေဆိုးကြောင့် ရန်သူတွေ ဖြစ်ခဲ့ တဲ့ တောင်ကို ရီးယားနဲ့ ဂျပန်ဟာ ဇွန်လ ၂၉ ရက်မှာ ပူးတွဲစစ်ရေး လေ့ကျင့်ကြဖို့ သဘောတူ စာချုပ်ကို ပထမဆုံးအကြိမ် ချုပ်ဆိုလိုက်ကြပါပြီ။ မဟာအင်အာကြီး နိုင်ငံတွေက ဒီလိုပဋိညာဉ်မျိုးကို လက်မှတ်ရေးထိုးလိုက်ရတဲ့ အဓိက အကြောင်း အရင်းကတော့ တောင်ကိုရီးယား အနေနဲ့ ရန်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားရန်က ကာကွယ်ချင်တာကြောင့် ရယ်၊ ဂျပန်အနေနဲ့လည်း ပြိုင်ဘက်ဖြစ်တဲ့ တရုတ်ရဲ့ စစ်အင်အား ကြီးထွားလာမှုကို ရင်ဆိုင်နိုင်ဖို့ပါ။

ကိုရီးယားနိုင်ငံကို ဖက်ဆစ်စနစ်နဲ့ နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ ဂျပန်နဲ့ ဒီလိုမျိုး ချစ်ကြည်ရင်းနှီးပြီး၊ အစိုးရအချင်းချင်း အပြန်အလှန် ကတိကဝတ်တွေ ပေးခဲ့ကြလို့ ဂျပန် ဆန့်ကျင်ရေးသမားတွေကတောင် ကိုရီးယားသမ္မတ လီမြောင်ဘတ်ဟာ တိုင်းပြည်ကို ရောင်းစားသူလို့တောင်မှ အပြစ်တင် ဝေဖန်နေကြပါ တယ်။ တောင်ကိုရီးယားမှာ နိုင်ငံရေးကို အစွန်းရောက် နေသူတွေကလည်း ဒုတိယကမ္ဘာစစ်က တောင် ကိုရီးယား အမျိုးသမီးတွေကို ဂျပန်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တာနဲ့ အငြင်းပွားနေတဲ့ နိုင်ငံပိုင်နက် ပြဿနာတွေအတွက် စစ်လျော်ကြေးတွေ ပေးဆောင်စေဖို့ တောင်း ဆိုထားတာကို ဂျပန်က ငြင်းပယ်နေသမျှ ကာလပတ်လုံးမှာ အရေးဆိုသွားဖို့လောက်သာ တာဆူနေကြ ပါတယ်။ ကြိုတင် အကြောင်းကြားတာမျိုး မလုပ်ဘဲနဲ့ ရုတ်တရက် အဲဒီလိုမျိုး ကြေငြာချက် ထွက်လာပေမယ့် ပြည်သူတွေကို မစိုးရိမ်ကြဖို့ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း လူထုထံမှောက် အရောက်ပို့ဆောင် ပေးမှာပါလို့လည်း ဂျပန်နဲ့တောင်ကိုရီးယားက ကာကွယ်ရေး ဦးစီးချုပ်တွေက ကတိတွေ ပေးနေကြပါတယ်။
အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယားရဲ့ အန္တရာယ်ကနေ ကာကွယ်ရလေအောင် တောင်ကိုရီး ယားနဲ့ ဂျပန်တို့က ပူးပေါင်းပြီး၊ စစ်ရေးလေ့ကျင့်ကြဖို့ကို အစဉ်တစိုက် တိုက်တွန်းနေခဲ့ပါတယ်။ မြောက် ကိုးရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီဟာ ဒီဇင်ဘာလက ကွယ်လွန်သွားပြီး နောက်ပိုင်းမှာ တတ်လာတဲ့ သူ့သားကင်ဂျုံအန် လက်ထက်မှာ နျူကလီးယား လက်နက်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ တာစူနေတာရယ်၊ တိုက်ချင်းပစ် ဒုံးကျည်တွေကို အဆင့်မြှင့်တင် နေတာတွေကလည်း နိုင်ငံတကာ အခင်းအကျင်းမှာ မီးလောင်ရာ လေပင့်ပေးလိုက်သလို ဖြစ်စေပါတယ်။ 
ပြည်မြန်မာ

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews