Sunday, July 22, 2012

အာဆီယံမှ သွင်းကုန် ၈၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီဟု သိရ

အာဆီယံ ဒေသတွင်းမှ တင်သွင်းသော ကုန်ပစ္စည်း များထဲမှ ၈၀ ရာခိုင်နှုန်းကို အခွန်ကင်း လွတ်ခွင့် ၂၀၁၂ ခုနှစ်တွင် ပေးထားပြီဖြစ်ကြောင်း အကောက်ခွန်ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းများအရ ၁၁-၇-၂၀၁၂ ရက်က သိရသည်။

အဆိုပါ ဌာနမှ သတင်းများအရ ၂၀၁၅ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (AFTA) တွင် အခွန်ကင်းလွတ်ခွင့် ကိစ္စများကို လွတ်လပ်စွာ ခွင့်ပြုပေးရတော့မည်ဖြစ်ကာ ယင်းမတိုင်မီ ၂၀၀၈ ခုနှစ်မှစတင်ကာ အခွန်ကင်းလွတ်ခွင့်များကို ပစ္စည်းအချို့တွင် စတင် ပေးအပ်ခဲ့ရသည်ဟု သိရသည်။
“အကောက်ခွန် ဦးစီးဌာန သတင်းတွေကတော့ ၈၀ ရာခိုင်နှုန်းကို ထုတ်ပြန်ထားတာ တွေ့ရတယ်။ ဒီအတွက် သွင်းကုန်ပစ္စည်း တချို့လည်း အခွန် မဆောင်ရတာတွေ ရှိနေတယ်လေ” ဟု ကုန်သည်/စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။ မြန်မာနိုင်ငံကို အာဆီယံ ဒေသတွင်းမှ တင်သွင်းသည့် ပစ္စည်း အမျိုးအစားပေါင်းမှာ ၆၀၀ ခန့်ရှိနေပြီး ယင်းပမာဏထဲမှ ၈၀ ရာခိုင်နှုန်းကို၂၀၁၂ ခုနှစ်အတွင်း စတင် ဖြေလျှော့ပေးရမည် ဖြစ်ကြောင်း သိရသည်။ “အာဆီယံ ၂၀၁၅ Blue Print အတိုင်းပါပဲ။ တစ်ဆင့်ချင်း လျှော့ချပေးနေရတာပါ” ဟု အကောက်ခွန် ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“၂၀၀၈ ဆိုရင် အားလုံး အခွန်ကင်း လွတ်သွားကြရမှာပါ။ မြန်မာကလည်း အာဆီယံထဲကို လွတ်လပ်စွာ သွားနိုင်သလို။ သူတို့ဘက်ကလည်း ဒီမှာလာပြီး ရောင်းဝယ်တွေ လွတ်ကင်းစွာ လုပ်ကြမှာပါ” ဟု ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။ ASEAN Blue Print အရ CLMV ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှာ နောက်ဆုံးအဆင့်အဖြစ် ဆောင်ရွက်နေရပြီး ၂၀၀၈ တွင် ၆၀ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ တွင် ၁၀၀ ရာခိုင်နှုန်းအထိ အခွန်ကင်းလွတ်ခွင့်ပေးရမည် ဖြစ်ကြောင်း သိရသည်။
ပြည်မြန်မာ

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews