Saturday, July 7, 2012

တရုတ် အာကာသ ယာဉ်မှူး သုံးဦး ကမ္ဘ္ဘာမြေ သို့ ပြန်လည် ရောက်ရှိ

တရုတ်နိုင်ငံ၏ အာကာသယာဉ်မှူး သုံးဦးသည် ဇွန်လ ၂၉ ရက်နေ့ နံနက်တွင်ကမ္ဘာမြေ သို့ ဘေးကင်း လုံခြုံစွာဖြင့် ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။ တရုတ် အာကာသယာဉ် ရှန်ကျို-၉ သည် တရုတ် နိုင်ငံမြောက်ပိုင်း အတွင်းပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသို့ စီစဉ်ထားသည့် အတိုင်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

ဆေးဝန်ထမ်းများက အာကာသယာဉ်အတွင်းသို့ ဦးစွာဝင်ရောက်လျက် အာကာသယာဉ်မှူးများအား ကျန်းမာရေး စစ်ဆေးခဲ့ရာ အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။ အာကာသယာဉ်အတွင်း ရှိနေစဉ် ယာဉ်မှူးများက ထိန်းချုပ်ရေးဌာနသို့ ဆက်သွယ်ကာ သူတို့ပြန်လည် ရောက်ရှိလာကြောင်းနှင့် အခြေအနေ ကောင်းမွန်ကြောင်း သတင်းပို့ခဲ့သည်။ ရှန်ကျို့-၉ အာကာသခရီးစဉ် ခေါင်းဆောင် ကျင်ဟေပင်းသည် အာကာသယာဉ်အတွင်းမှ ဦးစွာထွက်ခွာလာပြီး ၎င်း၏နောက်မှ အာကာသယာဉ်မှူး လုဝမ်က လိုက်ပါလာကာ နောက်ဆုံးတွင် တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူး လုယန်းက လိုက်ပါလာခဲ့ကြောင်း သိရသည်။
သူတို့ သုံးဦးသည် အာကာသယာဉ် ဆင်းသက်ခဲ့ရာနေရာ၌ လူနာတင် ရဟတ်ယာဉ်များအတွင်း ကျန်းမာရေးစစ်ဆေးမှုများ ခံယူပြီးပါက ပေကျင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
pmyanmar

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews