ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်ဘက်မှာ ဗြိတိသျှ လူမျိုး ၂ ယောက်တို့ဟာဟောလီဝုဒ် ရုပ်ရှင်ဇာတ်ကား တကားဖြစ် တဲ့ Fast Five ထဲကလို ထိုင်း ဘဏ် ၃
ခုရဲ့ ATM စက်တွေကို ခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က
ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲ တပ်ဖွဲ့ တာဝန်ရှိသူ တယောက်က သောကြာနေ့ မှာ
ပြောလိုက်ပါတယ်။သူတို့ ၂ ဦးကတော့ အက်လက်ဇန္ဒြား မီလ်ဘွန်း ( ၂၅ - နှစ်) နဲ့ ရှောင် အက်ဒ၀ါ့ဒ် ထရေ့စီ ( ၃၄ -နှစ်) ဆိုတဲ့ ဗြိတိန်နိုင်ငံ သား ၂ ဦးပါဘဲ။သူုတို့ ၂ ဦးအပြင် နောက်ထပ် တဦးလည်း ရှိနေသေးပြီး စုံစမ်းနေဆဲပါတဲ့။
အဖမ်းခံခဲ့ရတဲ့ ဗြိတိန် ၂ ဦး ကတော့ ရုပ်ရှင်ထဲကလို စွန့်စားခဲ့တာပါလို့
ထွက်ဆိုခဲ့ပါတယ်တဲ့။အဲဒီတရား ခံအဖြစ် အဖမ်းခံထားရတဲ့ ၂ ယောက် ဟာ ထိုင်းနိုင်ငံမှာ
နေထိုင်လာတာ ၁၀ နှစ်ကျော် ကြာနေပြီဖြစ်ပြီး အလုပ်အကိုင်ကလည်း မရှိ၊
ငွေကလည်း လိုနေတာဖြစ်တယ်လို့ ဇွန် ၂၉ ရက်နေ့က ချင်းရိုင်ပို့စ် သတင်းက
ရေးထားပါတယ်။