Sunday, July 1, 2012

တိုက်လေယာဉ် ပစ်ချခံရပြီးနောက် တူရကီ က နေတိုးအဖွဲ့ အစည်းအဝေးခေါ်ယူ

ဇွန်လ ၂၂ ရက်တွင် ဆီးရီးယားနိုင်ငံက တူရကီ တိုက်လေယာဉ် တစ်စီးအားပစ်ချခဲ့ခြင်း အတွက် ၎င်းတို့၏ တုံ့ပြန်မှုအကြောင်း ဆွေးနွေးရန် တူရကီ နိုင်ငံ က နေတိုး အဖွဲ့ဝင် နိုင်ငံများနှင့် အစည်းအဝေး   တစ်ရပ် ခေါ်ယူလိုက်သည်။ တူရကီ 
နိုင်ငံက နေတိုးတပ်ဖွဲ့၏ ပဋိညာဉ် အချက် (၄) ကို ကိုးကား၍ ယင်းအချက်အရ မဟာမိတ်အဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် ၎င်းတို့နိုင်ငံ၏ လုံခြုံရေး ခြိမ်းခြောက်ခံရသည်ဟု ခံစားရပါက အစည်းအဝေး တစ်ရပ် ခေါ်ယူနိုင်ကြောင်း ဖော်ပြထားသည်ဟု အရာရှိများက ပြောသည်။စောစောပိုင်းတွင်လည်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပစ်ချခံရသော F-4 Phantom တိုက်လေယာဉ်သည် နိုင်ငံ တကာ လေကြောင်းပိုင်နက်အတွင်း ရှိနေကြောင်း ပြောကြားသည်။ ဆီးရီးယားနိုင်ငံကမူ အဆိုပါလေ ယာဉ်သည် ဆီးရီးယား လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ဟု အခိုင်အမာ ပြောကြားသည်။ ထို့အပြင် ဆီးရီးယားနိုင်ငံဘက်မှ ရန်လိုသော ရည်ရွယ်ချက် မရှိခဲ့ကြောင်း ပစ်ချခံရသော တိုက်လေယာဉ်မှာ တူရကီလေယာဉ်ဖြစ်ကြောင်း သိရှိရသည်နှင့် လေယာဉ်မှူး နှစ်ဦးအား ကယ်ဆယ်ရန် ဆီးရီးယား ရေတပ်က တူရကီရေတပ်နှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း ဆီးရီးယား အာဏာပိုင်များက ပြောကြားသည်။ သို့သော် နေတိုးအဖွဲ့ဝင် မဟာမိတ်များ နိုင်ငံများက ယင်းလုပ်ရပ်အတွက် ဆီးရီးယားနိုင်ငံအား ဝိုင်းဝန်းရှုတ်ချ ပြောဆိုခဲ့ကြသည်။
7days

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews