Tuesday, July 3, 2012

နျူကလီးယား အဟန့်အတား တိုးမြှင့် မည်ဟု မြောက်ကိုရီးယား ကြုံးဝါး

တင်းမာမှုများ ရှိသော နယ်စပ် ဒေသတွင် အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်နေခြင်းကိုရန်စခြင်းဟု မြောက်ကို ရီး ယားနိုင်ငံက ရှုတ်ချလိုက်ပြီး ၎င်း၏ နျူကလီးယား အဟန့်အတားကို မြှင့်တင်သွားမည်ဟု မြောက် ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြောကြားသည်။ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ရှိနေစဉ် မှာပင် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုမှန်သမျှကို တုံ့ပြန်နိုင်ရန် အမေရိကန်နှင့် တောင်ကိုရီး ယားနိုင်ငံတို့က ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်၍ စစ်ရေးလေ့ ကျင့်လျက်ရှိသည်။ယင်းလေ့ကျင့်မှုတွင် တင့်ကားများ၊ စစ်လေ ယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ် ယာဉ်များပါ ပါဝင်သည်။ ကိုရီးယားစစ်ပွဲ ဖြစ် ပွားခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပင်လယ်ဝါတွင် စစ်ရေးလေ့ကျင့်နေကြသည်။ အဆိုပါ စစ်ရေးလေ့ ကျင့်မှုတွင် မြောက်ကိုရီးယား အလံအား ပစ်ခတ်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲပြောကြားသည်။ စစ်ကြေညာခြင်းမရှိဘဲ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ အလံတော်အား အမြောက်ဆန်များ၊ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ခြင်းမှာ နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသော ရန်စမှုနှင့် အလွန်လေးနက်သော စစ်ဘက်လုပ်ရပ် တစ်မျိုးဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
7 Day

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews