လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်တော်မူခဲ့တဲ့ မဟာဗောဓိညောင်ပင်မှာ ယခုအချိန် ထိဆက် လက်ရှင်သန် ကြီးထွားနေဆဲ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြော ကြားလိုက် တာဖြစ်ပါတယ်။ အဆိုပါ ဗောဓိပင်မှာ အသက်ရှင်လျက် အပြည့်အ၀ကျန်းမာသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ် ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ ရှိ သစ်တော သုတေသ ဌာနမှ သိပ္ပံပညာရှင် နှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ Subhask Nautiyal ဆိုသူမှပြောကြားခဲ့ ခြင်းဖြစ်ပါတယ်။
အဆိုပါဗောဓိပင်မှာ ဗုဒ္ဓဂယာတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံရှိ ဘီဟာပြည်နယ်တွင် ရှိနေခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိပါသည်။ သိပ္ပံပညာရှင်များမှ အဆိုပါဗောဓိပင်မှ အင်္ဂတေအုတ်ခုံကို ဖယ်ရှားပြီးနောက် စမ်းသက်ရာမှတဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။ ထို့အပြင် အင်္ဂတေအုတ်ခုံကို ဖယ်ရှားလိုက်ခြင်းအားဖြင့် အမြစ်ကို ပိုမို အသက်ရူခွင့် ပေးစေမည်ဖြစ်ပြီး ပိုမိုရှင်သန်စေရန် အထောက်အကူပြု မည်ဟု ၄င်းတို့မှပြော သည်။ ယခုလို မြတ်စွာဘုရားရှင် ပွင့်တော်မူရာ ဒေသသို့လာရောက်သူများ ထဲတွင် ဂျပန်နိုင်ငံမှာ လာ ရောက်သည့် ခရီးသွားများမှာ အများ ဆုံးဖြစ်ကြောင်း ရှင်ဟွာသတင်းဌာနမှ ဖော်ပြချက်အရ သိရှိရသည်။
MRTV4



Posted in:
0 comments:
Post a Comment