Saturday, July 7, 2012

လမ်းမတော် မြို့နယ်မှ မီးရှို့ လူသတ်မှု ၄၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးခဲ့

မေလ ၃၀ ရက်နေ့က လမ်းမတော် မြို့နယ် ၇ လမ်း အမှတ် ၇၆ ဒုတိယထပ်မှာ မိန်းကလေး တစ်ဦးအား မီးရှို့ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မိန်းကလေးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ တရားခံအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၄၄ နာရီ အတွင်းမှာ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို တရားခံကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ တရားခံ ကိုမျိုး(ခ) မျိုးလွင်ကို ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခန့်က ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

တရားခံ အနေနဲ့ အခုလို လူသတ်မှု ကျူးလွန် တာဟာ သေဆုံးသူ မဆုစန္ဒီအောင် အသက် ၁၆ နှစ်ရဲ့ မိခင်နဲ့ ချေးငွေကိစ္စ အပေါ် မကျေနပ်ဘဲ နာကျည်း မုန်းတီးတဲ့ အတွက် အခုလို ပစ္စည်းယူ လူသတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ၀န်ခံ ထွက်ဆို ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမူဖြစ်ပွား ရာမှာ တရားခံ အနေနဲ့ မေလ ၃၀ ရက် နံနက် ၁၀ နာရီမှာ နေအိမ်က ထွက်လာပြီး ရွှေပုစွန် မုန့်တိုက်မှ မုန့်အချို့ကို ၀ယ်ယူကာ လမ်းမတော် ၇ လမ်းရှိ သေဆုံးသူရဲ့ မိခင်နေအိမ်ကို သွားရောက်ကာ မဆုစန္ဒီအောင်နဲ့ တွေ့ဆုံ ခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီနောက် မှာတော့ တရားခံမှ မုန့်လာပို့သည်ဟု ဆိုကာ အိမ်ထဲကို ၀င်ရောက်ခဲ့ပြီး တံခါးပိတ် နေစဉ် နောက်မှ ဓါးဖြင့် ၄ ချက်ခန့် ဆင့်ခုတ်ခဲ့ ကြောင်း၊ အဲ့ဒီနောက်မှ အလောင်းပေါ်ကို ခေါင်းအုံး၊ ဂွမ်းကပ်၊ စောင်များ၊ အ၀တ်အထည်များ ပုံပြီး မီးရှို့ သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ တရားခံ ကိုမျိုး (ခ) မျိုးလွင် အနေနဲ့ မှုခင်း ဖြစ်ပွားရာ နေအိမ် အတွင်းရှိ ဗီရို အတွင်းမှာ သိမ်းဆည်း ထားတဲ့ စုစုပေါင်း ငွေကျပ် တစ်ရာ့ လေးသိန်း ငါးသောင်း တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ယူဆောင် သွားခဲ့ ပါတယ်။ အဆိုပါ တရားခံ ကိုမျိုး (ခ) မျိုးလွင်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ထိရောက်စွာ ပြစ်ဒဏ် ချမှတ်နိုင်ရေး အတွက် ဆောင်ရွက်လျှက် ရှိတယ်လို့ သိရပါတယ်။
mrtv 4

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews