Wednesday, July 25, 2012

အာဆင်နယ်နှင့် စာချုပ်သက်တမ်း တိုးရန် သဘော တူညီမှု ရရှိ ခဲ့သည့် ကိုစီရယ်နီ

အာဆင်နယ် အသင်းသည် နောက်ခံလူ လောရင့် ကိုစီရယ်နီအား (၃)နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုတော့ မည်ဟု သိရှိ ရသည်။
ပြင်သစ် လက်ရွေးစင် ကိုစီရယ်နီအား အာဆင်နယ်က ယခုလ အစောပိုင်းက စတင်ကာ စာချုပ်သစ် အတွက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။ အသက် (၂၆)နှစ်ရှိ ကိုစီရယ်နီ သည် ပြီးခဲ့သည့် ဘောလုံး ရာသီက မြောက်လန်ဒန် ကလပ် အသင်း အတွက် ခြေစွမ်းပြ ကစားပေး ခဲ့ပြီး အသင်း၏ အဓိက ဗဟို ခံစစ်သမား တစ်ဦး အဖြစ် ရပ်တည်နိုင် ခဲ့သည်။ မန်နေဂျာ အာစင်ဝင်းဂါး သည် (၂၀၁၀)ပြည့်နှစ် က လော်ရီယန့် အသင်းမှ ဝယ်ယူ ခဲ့ပြီး အသင်း အတွက် (၈၅)ပွဲ ပွဲထွက် ကစားပေး ထားသည့် ကစားသမား ကို ဆက်လက် ထိန်းသိမ်း ထားရန် ဆုံးဖြတ် ခဲ့သည်။


ဝင်းဂါးက “ကိုစီရယ်နီဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နှစ်ခုမှာ အာဆင်နယ် အတွက် ထူးထူး ချွန်ချွန် ကစားပေးနိုင် ခဲ့တဲ့ သူပါ”ဟု ချီးကျူး ခဲ့သည်။ “(၂၀၀၉) ခုနှစ်ထိ သူဟာ ပြင်သစ် ဒုတိယတန်းမှာ ကစားနေရ တုန်းပါ။ သူ့ရဲ့ ခြေစွမ်းဟာ ပရီးမီးယား လိဂ် ရောက်စမှာ ထိပ်တန်း အဆင့် ခြေစွမ်းမျိုး မရှိ ခဲ့ပြန် ပါဘူး။ ဒါပေမယ့် ခုချိန် မှာတော့ သူဟာ လူတော် တစ်ယောက် ဆိုတာ သက်သေပြနိုင် ခဲ့ပါပြီ။ သူ အသင်းမှာ ဆက်နေ ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် ကျွန်တော် သိပ်ပျော် ပါတယ်”ဟု ဝင်းဂါးက ဆက်လက် ပြောဆို သွားသည်။
ကိုစီရယ်နီ ကလည်း “အသင်းနဲ့ စာချုပ်သစ် ကိစ္စ သဘော တူညီမှု ရခဲ့တာ ကျွန်တော် ပျော်ပါ တယ်။ အာဆင်နယ် မှာ ကျွန်တော် အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနိုင် ခဲ့ပါတယ်။ အာဆင်နယ် နဲ့ ရှေ့ဆက် ရမယ့် အနာဂတ် အတွက်လည်း စိတ်လှုပ်ရှားနေ မိပါပြီ” ဟု ပြောဆို သွားသည်။
mm striker

1 comments:

Anonymous said...

ကောင်းကောင်းရေပေးပါခင်ဗျ

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews