Sunday, July 1, 2012

ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည် ဟုဆို

နေပြည်တော်၊ ဇူလိုင် ၁
 အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် ပစ်ခတ်မှုမှာ တစ်နှစ်ကျော် လာပြီ ဖြစ်ပြီး လက်ရှိ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန် ဆွေးနွေး မှုများ ပြုလုပ်နေပြီဖြစ်သောကြောင့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေး အောင်မြင်မည် ဖြစ်ြေ ကာင်း ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ကယနေ့ ပြောကြားလိုက်သည်။

ယနေ့ မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲများ ဖြစ်ပွားလာပါက စစ်ဆေးနိုင်ရန် အတွက်လည်း စစ်မြေပြင် လေ့လာစောင့်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
 နိုင်ငံတော် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မီမှာပင် ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

ကယား ပြည်နယ်တွင် ၁၁ လတာ ကာလအတွင်း တိုက်ပွဲ တစ်ကြိမ်သာ ဖြစ်ပွားပြီး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင် ဖြစ်ပွားမှု မရှိကြောင်း ကချင် ပြည်နယ်ရှိ တိုက်ပွဲ အခြေအနေမှာလည်း ၅၀ ရာခိုင်နှုန်းခန့် လျှော့ကျသွားကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော် မတီက သတင်းထုတ်ပြန်သည်။

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews