Sunday, July 22, 2012

လီဝန်ဒေါစကီး အတွက် ကမ်းလှမ်းမှု ကို ငြင်းပယ်ခံခဲ့ရသည့် ချယ်လ်ဆီး

ဒေါ့မွန် အသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီး အတွက် ချယ်လ်ဆီး အသင်း၏ ပေါင် (၁၇)သန်းတန် ကမ်းလှမ်းမှုမှာ ပယ်ချခြင်း ခံခဲ့ရသည်။ ယမန်နှစ်က ဒေါ့မွန် အသင်းနှင့် ဖလားနှစ်လုံး ရယူခဲ့ပြီး (၃၄)ပွဲတွင် (၂၂)ဂိုးထိ သွင်းယူနိုင်ခဲ့သည့် လီဝန်ဒေါစကီးသည် ဥရောပ ထိပ်တန်း ကလပ်များ၏ အလိုအရှိဆုံး တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်သည်။ “ချယ်လ်ဆီး အသင်းက ကာဗာနီကို ကမ်းလှမ်းခဲ့ပါတယ် ဒါပေမယ့်
အသင်းမှာ ရှိနေတဲ့ လူတိုင်းက အဲဒီ ကစားသမားဟာ အသင်းရဲ့ ကစားပုံနဲ့ ကိုက်ညီမှု မရှိဘူးလို့ ထင်နေကြပါတယ်၊ ပိုလန် တိုက်စစ်မှူးကလည်း ချယ်လ်ဆီး အသင်း ကမ်းလှမ်းခဲ့တဲ့ ကစားသမား တစ်ဦးပါပဲ ဒါပေမယ့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်”ဟု ESPN သတင်းဌာနမှ ဖော်ပြခဲ့သည်။ မန်ယူ နည်းပြ ဖာဂူဆန်သည်လည်း လီဝန်ဒေါစကီးအား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေခြင်းကြောင့် ချယ်လ်ဆီး အသင်းမှ လက်ဦးမှု ရယူနိုင်ရန် အတွက် ယခုလို ကမ်းလှမ်းခဲ့ခြင်းလည်း ဖြစ်သည်။ ပရီးမီးယားလိဂ်တွင် ကစားလိုကြောင်း ဖွင့်ဟ ၀န်ခံခဲ့ဖူးသည့် လီဝန်ဒေါစကီး၏ ပြောင်းရွှေ့ကြေး အတွက် ဒေါ့မွန် အသင်းမှ ပေါင်သန်း (၂၀) အလိုရှိနေကြောင်း သိရသည်။


ချယ်လ်ဆီးအသင်းအနေနဲ့ ဇူလိုင်လ ၂၃ နံနက် ၆ နာရီ (မြန်မာစံတော်ချိန်) တွင် ကစားမည့် ပီအက်စ်ဂျီနဲ့ ပွဲမှာ အသစ်ဝယ်ယူထားတဲ့ လူငယ်ကစားသမားတွေ နဲ့ ပွဲထွက်ဖို့ ပြင်ဆင်ထားပါတယ်။ နည်းပြ ဒီမက်တီ ယို အနေနဲ့ ကစားကွက်အပြောင်းအလဲတွေ ကိုဘယ်လို ပြုလုပ်မလည်းဆိုတာ စောင့်ကြည့်ရမဲ့ ပွဲလည်းဖြစ် ပါတယ်။လက်ရှိ ချယ်လ်ဆီးကတော့ နည်းပြဟောင်း ကိုင်တွယ်နေတဲ့ ပီအက်ဂျီ အသင်းကို ယှဉ်ပြိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်လေ့ကျင့်မူတွေလုပ်နေပါတယ်တယ်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews