Wednesday, July 25, 2012

အာဖဂန်နစ္စတန်တွင် တာလီဘန် စစ်သွေး ကြွ (၁၀ဝ) လက်နက်ချအညံ့ခံ

အာဖဂန် နစ္စတန် တာလီ ဘန်အုပ်စု များမှ စစ်သွေးကြွ (၁၀ဝ)မှာ လက်နက်ချ အညံ့ခံ ခဲ့ကြပြီးနောက် က ဘူးလ်မြို့တော် အနောက်မြောက်ပိုင်း Badghis ပြည်နယ်ရှိ အစိုးရကျော ထောက်နောက်ခံပြု ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့် ပူးပေါင်းခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Sharafudin Majida က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တာလီဘန်စစ်သွေးကြွ (၇)အုပ်စုက စစ်သွေးကြွ (၁၀ဝ) ဟာ လက်နက်ချခဲ့ပြီး တနင်္လာနေ့ ညနေ ပိုင်းမှာပဲ ပြည်နယ်မြို့တော် Qalai က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပူးပေါင်းခဲ့ကြပါတယ်”ဟုMajidi က သတင်းထောက်များကို ပြောကြား ခဲ့ခြင်းဖြစ်သည်။အဆိုပါ စစ်သွေြးွက များသည်ယခင်က Qadis နှင့်Muqar ခရိုင်များတွင် ထကြွသောင်းကျန်းခဲ့ ကြသူများဖြစ် သဖြင့်ယခုကဲ့သို့ပူးပေါင်း လာခြင်းကပြည်နယ် ၏လုံခြုံရေးအခြေ အနေ ပိုမိုတိုးတက် လာမည်ဟု ယူဆရ သည်။
ယင်းစစ်သွေးကြွများမှ ၄င်း တို့၏လက်နက်များကို အာဏာပိုင်များ သို့ လွှဲအပ်ခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ် သက်၍ အစိုးရဆန့် ကျင်တာလီဘန် စစ်သွေြးွကများက မှတ်ချက်ပေးပြော ကြားလာခြင်းမရှိသေးချေ။ ပြီးခဲ့သည့် တစ်နှစ်အတွင်း တာလီဘန် စစ်သွေး ကြွ ၃၀ဝ၀ ကျော်မှာ လက်နက်ချ အညံ့ခံခဲ့ကြပြီး အစိုးရကျောထောက် နောက်ခံပြု ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များနှင့် ပူပေါင်းခဲ့ကြကြောင်း အာဖဂန်အရာရှိများက ပြောကြားခဲ့ သည်။
ဖက်စ်နယူး

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews