Friday, January 30, 2009

ကိုယ်ပိုင်မဟုတ်သောနှလုံးသားများ

ချစ်ခြင်းတွေအပြည့်နဲ့
ရှင်သန်နေတဲ့..တို့နှစ်ယောက်ရဲ့
နှလုံးသားတွေဟာ..လူခြင်းဘယ်လောက်
ဝေးနေပါစေ..အမြဲနီးနီးလေးရှိနေမှာပါ..။

ဝေးနေရတဲ့သူတိုင်းဟာ
သူတို့ရဲ့အလွမ်းတွေကို..စာဖွဲ့ကြတယ်..။
ဝေးနေတဲ့ တို့နှစ်ယောက်အလွမ်းတွေကတော့
စာဖွဲ့လို့မှီမှာဟုတ်ဘူးနော်..။

မင်းနဲ့ခရေပင်လမ်းမှာလဲ
အတူလတ်တွဲပြီးမလျောက်ဖူးပါဘူး..။
ကန်တော်ကြီးလဲ..အတူမသွားဖူးပါဘူး..
ဒါပေမဲ့..မင်းနဲ့အတူစိတ်ကူးကမ္ဘာလေးထဲမှာတော့
လှပတဲ့အိမ်လေးတွေဆောက်ပြီး
အကြာကြီးနေခဲ့ဘူးတယ်..။

တို့ရဲ့စိတ်ကူးတွေ..
တို့ရဲ့အနာဂါတ်တွေ..
တို့ရဲ့အိပ်မက်တွေ..
တို့ရဲ့မျှာ်လင့်ခြင်းတွေ..
တို့ရဲ့ချစ်ခြင်းတွေ...ဟာနှလုံးသားထဲမှာ
အခိုင်မာဆုံးတံတိုင်းကြီးတွေပေါ့..။

ခန္ဓာကိုယ်ထဲသွေးတွေ
လှည့်ပတ်စီးစင်းနေသရွေ့..မင်းကိုချစ်တဲ့
အချစ်တွေကလဲလိုက်ပြီး..စီးစင်းနေမှာပါ။
အချစ်တွေက ငါ့ခန္ဓာကိုယ်ထဲမှာ
ထုတ်ပစ်လို့မရအောင်..စိမ့်ဝင်နေကြပြီလေ..။

တို့နှစ်ယောက်သာ
နီးခွင့်ရှိမယ်ဆိုရင်..ငါနဲ့ဆိုင်တဲ့အရာအားလုံးကို
ကမ္ဘာအပြင်ဘက်မှာ..ထားခဲ့လိုက်ချင်တယ်..။

မင်းစိတ်ညစ်နေရင်
မင်းနဲ့အတူလိုက်ပြီးစိတ်ညစ်နေတဲ့သူ
တစ်ယောက်ရှိနေတယ်ဆိုတာ
သိထားပေးအုံးနော်..။

မင်းအသက်ရှင်နေတာ..ငါ့နှလုံးသားဖြစ်နေသလို
ငါနှလုံးသားတွေလဲကိုယ်ပိုင်မရှိတော့ဘူး..။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews