နိုင်ငံ လူမျိုးပေါင်း အများကြီး ရှိကြပေမဲ့ လုံးဝမကွဲပြား မခြားနားပဲ တူတာ လေးတွေတော့ ရှိကြပါတယ် ။
အဲဒါကတော့ ရီခြင်း ၊ ငိုခြင်း တွေပေါ့ ။ အဲဒါပေမဲ့ အဲဒီ တူတဲ့ ရီခြင်း ၊ ငိုခြင်းတွေမှာတော့ မတူတဲ့ ဟန်တွေ ရှိနေကြ ပြန်ပါရော ။ သိသလောက်..... ရီခြင်းတွေကို ပြောရရင် ( ငိုတာတော့ပြောတော့ဘူး နော့...)
ဟားဟားဟားဟား......(အားရပါးရ ရီခြင်း)
ဟီးဟီး ( ရှက်ကို့ ရှက်ကန်း ရီခြင်း )
ဟဲဟဲ ( မခန့်သလို ရီခြင်း )
ဟိုးဟိုးဟိုးဟိုး (နောက်ပြောင် ရီနည်း)
ဟင်းဟင်း ( ၀တ္ထုတွေထဲက ကောင်မလေးတွေ ရီခြင်း ) အပြင်မှာ အဲလိုရီတဲ့ ကောင်မလေး မတွေ့ ပေါင်
ဟတ်ဟတ် ( သူကတော့ အရမ်းခေတ်စားနေတဲ့ ဘလော့ရီနည်း )
ဟိ (ကောင်မလေးများ လျှပ်တပြက် ရီနည်း)
ဘူးထွားဟားဟား (အာတာလွတ်မြို့ စားကြီး ရီနည်း)
သွပ်သွပ်သွပ် ( သမိန်ပေါသွပ် ရီနည်း )
ခွိခွိ ( အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ ရီနည်း )
ဟင်းဟင်းဟင်းဟင်း......(ကြာကူလီရီနည်း)
ဟွန်းဟွန်း...(ရုပ်ပြကာတွန်းရီနည်း)
အာဟ..အာဟ(ရက်ပ်ပါတွေရီနည်း)
ကဲ....ရီနည်းအသစ်လေးများ ရှိရင်လည်း ရီသွားကြပါအုံး...
1 comments:
အဟေးဟေး= ဘလော့ဂါ ကိုရင်ညိမ်းရယ်နည်း
Post a Comment