Saturday, December 6, 2008

ချစ်သူ...



တစ်နေ့မှာ...
အချိန်ကာလ တစ်ခုရဲ့ တိုက်စား ဝါးမျိုမှု အောက်မှာ
အရာ အားလုံး ပြီးဆုံး ချုပ်ငြိမ်း သွားမှာပဲ..။
သင်္ခါရ ဆိုတဲ့ မမြဲချင်း သဘောတွေနဲ့ အတူ
ပျော်ရွှင်ကြည်နူးမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ ရင်ကွဲနာကျ ဖြစ်ချင်းတွေ
အားလုံးဟာ နိဋ္ဌိတံ သွားကြမှာပဲလေ..။
မဟောင်းနွမ်းပေမယ့်လည်း အတိတ်တွေဟာ ကျန်ခဲ့ရပြီ..
အနာဂတ်ကတော့ မသေချာမှုတွေ များလွန်းမယ် ထင်တယ်..
အကောင်းဆုံးကို မျှော်လင့်ပြီး
အဆိုးဆုံးတွေအတွက် ပြင်ဆင်မှု ပြုထားသင့်ပြီ..

ဒါဆိုရင်
တစ်နေ့သော အခါမှာတော့..
နေမင်းလည်း ပျပျလင်းနေလိမ့်မယ်..
လမင်းလည်း ရေးရေးသာနေလိမ့်မယ်..
မြူနှင်းတို့လည်း ကျဆင်းနေလိမ့်မယ်..
တိမ်တိုက်တွေလည်း လေဟုန်စီးနေလိမ့်မယ်..
စံပယ်တွေလည်း သင်းပျံ့နေလိမ့်မယ်..
စမ်းရေတွေလည်း စီးဆင်းနေလိမ့်မယ်..
ဘဝဟာလည်း သာသာ စိုပြည်ရလိမ့်မယ်...
လာ.. သူငယ်ချင်း..
လျှောက်လှမ်းကြပါစို့လား....

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews