Monday, December 8, 2008

ရွာဘောလုံးပွဲ

ကျေးလက် ဘော်လုံးပွဲ

ရွှီ...
ဟော...ပုဆိုးဘိုသီဘတ်သီနဲ့ လယ်ဖီ(Refree) ဝီစီမှုတ်လို့၊
ကွင်းထဲကိုသခတ်သုတ်သုတ်ဆင်းလာ ပြီး နာရီမသုံး-
(၂)လုံးဆို ဟက်ပဒိုင်း(half time)ပေးမယ်
(၄)လုံးဆို ပွဲအပြီး၊
ဒါပေမယ့် မြို့ကဒိုင်လူကြီးတွေလို့ပဲ နောက်(man out)တော့ ငါမသိ၊
လက်ထိရင် ဟိုင်းဘော(hand ball) ဂိုးရှေ့မှာဆို ပိုင်နယ်တီ
ကဲ.....စပြီ၊
-လယ်ဖီ ဝီစီအမှုတ်
ခတ်သုတ်သုတ် တောင်ဘက်ကိုခုတ်တင်
မောင်သင့်ကိုပေး၊ မောင်သင်ကခွေးပု
ခွေးပုကမြကြည်၊ မြကြည်က ဂိုလီဗာ( Goal Keeper ) ကိုကြည့်....
ကန်သွင်း....ကစ်ပြင်းပစေ့နော်....
-ကျေးတောသားတွေရဲ့ သက်လုံမှု၊ ကြိုးစားမှု၊ ဇွဲကြီးမှု
(မာရာဒိုနာ) တုမမှီနိုင်
နောက်တန်းလူ....သူတို့အခေါ် ဘက်သား
ထန်းတစ်ဖျား ကစ်နဲ့ ပြေးအကန်
ပရိတ်သတ်သြဘာသံ....ကွင်းလုံးလျှံ....
-အရှုံးအနိုင်မစဉ်းစား
ယှဉ်ပြိုင်ခြင်းသည် အဓိကထား
မင်းန်အောက်လည်းမရှိ
ကော်နာ..လည်းမရှိ
လော်မာမှုလည်းမရှိ
ဖောင်း..ဘောလည်းမရှိ
လောင်းဘော လည်းမရှိ
လိုင်းစ်မင်းလည်းမရှိ
ပကတိရိုးသား၊ ကြိုးစားတဲ့
ကျေးတောသားတွေရဲ့ ဒီဘောပွဲ
(တကယ်ပဲ) ဂြိုလ်တုကရိုက် ကမ္ဘာ့တီဗီလိုင်းထဲ
လွှင့်လိုက်ဖို့ ကောင်းတယ်.....။

(ပန်းလှိုင်စိုး)

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews