Saturday, December 6, 2008

ဟာသများ

 အခေါ်အဝေါ်
မြန်မာပြည်မှာ လူမျိုးမရွေးဘာသာမရွေး တစ်ယောက်နဲ့တစ်ယောက်လမ်းမှာတွေ့ရင် "ထမင်းစားပြီးပြီလား"လို့
နူတ်ဆက်လေ့ရှိကြပါတယ်...အခေါ်တွေတော့မတူဘူးပေါ့...ကြည့်လေ...

မြန်မာလိုကတော့ "ထမင်းစားပြီးပြီလား"

ရှမ်း လိုတော့ "ကျင်ခေါက်"

ကရင်လိုတော့ "နုအော်မေဝေလီး"

မွန် လိုတော့ "ရှပမ်းသော်တဟမ်း"

ရေငုပ်ကျွမ်းတဲ့စလုံလူမျိုးတွေကြတော့ "ငါလီးမရမ်းကျော်" တဲ့...



ဘာလို့တက်လာလည်း
သားအဖ နှစ်ယောက်လမ်းလျောက်ထွက်နေရင်း တောင်ကုန်းတစ်ခု နားအရောက်မှာ အဖေလုပ်သူ က 
သားကို ခေါ်ပြီး တောင်ကုန်းပေါ် ပြေးတက်သွားတယ်..
တောင်ကုန်းပေါ်လည်း ရောက်ရော နှစ်ယောက်စလုံး တော်တော် မောနေကြချိန် အဖေက "သား အောက်ကို ကြည့်လိုက်စမ်း အရမ်းလှတာပဲကွ" ဟုပြောလိုက်ရာ သားဖြစ်သူ ပြန်ပြောလိုက်တာက
"ဒါများ အဖေရယ် အောက်မှာ ဒီလောက်လှနေတာ ဘာလို့အပေါ်ကို ပြေးတက်လာရတာလည်း..." ဟု ပြောချလိုက်ပါတယ်.. :) 

အဖေစစ်
မိသားစု တစ်ခုမှာ ကလေးတစ်ယောက် ရလာခဲ့တယ်.. ကလေးမမွေးခင် ဗေဒင်ဆရာက ဒီကလေး မွေးပြီး စကားပြောတက်စ မှာ သူ ပထမဆုံး ပြောတဲ့ စကား (၃) ခွန်းမှာ ခေါ်တဲ့သူတွေ သေရမယ်တဲ့.. ဒီလိုနဲ့ ကလေးမွေးပြီး ပြီး စကားပြောတက်စမှာ ပထမဆုံးခေါ်လိုက်တာက ...

" အဖိုး " လို့စခေါ် ပါတယ်.. နောက်ရက်မှာ သူ့အဘိုးတကယ်ပဲ  နှလုံးရောဂါဖောက် ပြီးသေသွားပါတယ်..

နောက်မကြာဘူး " အဖွား " လို့ထက်ခေါ်ပါတယ်.. နောက်ရက်မှာပဲ သူ့အဖွား အမှန်တကယ်ပဲ သေဆုံး သွားပါတယ်..

ဒီလိုနဲ့ သူ့အဖေနဲ့ အမေဟာ လန့်နေခဲ့ပါတယ် .. သူတို့ ကို ခေါ်တာနဲ့ သေမှာဆိုတော့လေ.. ကလေးကလည်း ဘာမှ မခေါ်တော့ပါဘူး.. တစ်နေ့ကျတော့ ကလေး ကထက်ခေါ်ပါတယ် .

" အဖေ "

သူ့အဖေလည်း တော်တော် လန့်သွားတာပေါ့.. နောက်တစ်ရက် ရောက်ရင် သေတော့မှာလေ တစ်ည လုံးအိပ် မပျော်ဘူး .. နောက်တစ်ရက် အရောက်မှာ သူ့အဖေ ကမသေပါဘူး.. သူ တော်တော် ပျော် သွားတာပေါ့.. ဒါပေမဲ့ သူတို့ အိမ်ဘေးက သူ့သူငယ်ချင်းက တော့ ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်...

"ခွေး " မစစ်တာပါ
ပျားရည်စစ်ရင် ခွေး မစားပါဘူး..
 ပျားရည်ဆိုင်မှာ လူတစ်ယောက် ပျားရည်ဝယ်ပါတယ်.. သူ့မှာလည်း ခွေးတစ်ကောင် ခေါ်လာပါတယ်..
ဆိုင်ရှင်ကို " ခင်ဗျား ဆိုင်က ပျားရည်က စစ်ပါတယ်နော်..
ဆိုင်ရှင် ကလည်း " စစ်ပါတယ် ခင်ဗျား ကျနော်တို့ ဆိုင်က လုံးဝ ပျားရည် အစစ်ပဲ ရောင်းတာပါ ကြိုက်တာနဲ့ စမ်းလို့ရပါတယ် "
ဝယ်တဲ့သူကလည်း " ဟုတ်ကဲ့ ပျားရည်စစ်ရင် ခွေး မစားဘူးဆိုတော့ ကျနော် စစ်မစစ် စမ်းသက်ချင် လို့ပါ"
ဆိုင်ရှင်ကလည်း  " ရပါတယ် ခင်ဗျား စမ်းသက်ပါ"

ဝယ်သူက ပျားရည် အနည်းငယ်ကို သူ့ ခွေးကို ချကျွေးလိုက်ပါတယ်.. ခွေး ကလည်း ချကျွေး လိုက်တာနဲ့ စား ပစ်လိုက်တာပါပဲ .. ၀ယ်သူလည်း တော်တော် စိတ်တို သွားပြီး..
" ခင်ဗျား ပြောတော့ ပျားရည်စစ် တယ်ဆို "

ဆိုင်ရှင် ပြန်ပြောလိုက်တာကား..
  " ဟုတ်ကဲ့ ကျနော့ ပျားရည်က စစ်ပါတယ်.. ခင်ဗျား ခွေး ကသာ ခွေး မစစ်တာ နေမှာ ပါဗျာ.."


0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews