Saturday, December 6, 2008

မင်းဘယ်လိုလူလဲဆိုတာရွေးပါ........:P

"အိုးရွဲ့နဲ့စလောင်းပဲ့"
အဟွန်း........(ချောင်းဆိုးသံ)
စမယ်......တစ်ခါတုန်းကရွာတစ်ရွာမှာပေါ့...မောင်လှဆိုတဲ့လူရွယ်တစ်ဦးရှိသတဲ့..
မောင်လှအရွယ်ရောက်လာတော့ သူ့မိဘတွေကသူ့ကိုအိမ်ထောင်ချပေးချင်တာပေါ့...ခက်တာကမောင်လှမှာ
အောက်နှုတ်ခမ်းမရှိတော့ ယူမဲ့မိန်းမမရှိဘူးဖြစ်နေတယ်..မောင်လှကိုယ်တိုင်ကလည်း အရမ်းကိုမိန်းမလိုချင်နေပြီ
လာပြီ....(ယူမဲ့သူ)
တစ်နေ့မှာပေါ့..တစ်ခြားရွာတစ်ရွာက မိဘတွေကမောင်လှနဲ့သူတို့သမီးကညာလေးကိုမိဘချင်းကမ်းလှမ်းကြတယ်...


မောင်လှမိဘတွေကတော့သူတို့သားလေးအောက်နူတ်ခမ်းမရှိတာကို ဖုံးကွယ်ချင်တော့ ညဖက်မှာပဲမီးမှောင်ချပြီးတော့ မင်္ဂလာအခမ်းနားကိုစီစဉ်မယ်လို့ ကတိတောင်တယ်။ကောင်မလေးဖက်ကလည်း
သဘောတူတယ်....ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့ညကိုရောက်လာရော..မင်္ဂလာဆောင်ပြီးတော့ အကြင်လင်မယား
ပေါက်စလေးနှစ်ယောက်...မောင်မယ်အတူ ထမင်းလက်စုံစားကြတယ်...စားတော့လဲ မီးမှောင်မှောင်မှာနေမှာပေါ့...ထမင်းစားရင်း မောင်လှကဟင်းချိုသောက်ရင်းပူတော့..
"ဟင်းချိုကလဲ ၀ူ လိုက်တာလို့ပြောလိုက်တယ်..ကောင်မလေးကလဲ..
"၀ူ ရင်ဝုက်တောက်ပေါ့" လို့ပြန်ပြောလိုက်တယ်..။


မင်းဘယ်လိုလူလဲ?????????
ယဉ်ကျေးသူ...................အီးမပေါက်ခင် ခွင့်ပြုပါ နော်ဟုပြောပြီး ပေါက်ပြီးသောအခါ ဆေားရီး ဟုပြောတက်သူ
မရိုးသားသူ.................ကိုယ်ကအီးပေါက်သော်လည်း ၀န်မခံပဲ ဟိုလူဒီလူဟု လွှဲချတက်သူ
မိုက်မဲသူ........................အီးပေါက်ချင်သော်လည်းမပေါက်ပဲအောင့်အီးထားသူ
ဗဟုသုတကြွယ်ဝသူ.......ဘယ်အချိန်ဘယ်နေရာတွင် အီးပေါက်ရမည်ကိုသိသူ
ဒုက္ခရောက်နေသူ.........အီးပေါက်ချင်သော်လည်း မပေါက်ရဲတဲ့နေရောက်နေသူ(နေရာ-စာမေးပွဲခန်း)
လျှို့ဝှက်တက်သူ..........လက်သည်မပေါ်အောင်(သို့)ကိုယ်ပေါက်မှန်းဘယ်သူမှမသိအောင်အီးပေါက်တက်သူ
ဝါကြွားသူ...................အီးပေါက်နိုင်ခြင်းကို ဂုဏ်ယူနေတက်သူ
နှိပ်စပ်တက်သူ............လူများသောနေရာတွင်အီးပေါက်တက်သူ
ပညာရှင်.....................အီးပေါက်နေသော်လည်းလေထုညစ်ညမ်းမှာစိုးရိမ်သူ
ရှက်တက်သူ...............အီးပေါက်ပြီး မျက်နှာတစ်ခုလုံးနီလာသူ
အကြံပိုင်သူ...................ကိုယ်အီးပေါက်ပြီးသူများမသိအောင်အကျယ်ကြီးအော်ရယ်တက်သူ
အလွန်တုံးသူ............အီးပေါက်ပြီး ငါ့ကိုယ်ထဲကလေလျော့ပြီဟုထင်ကာ Balance ဖြစ်အောင်လေကိုတစ်ဝကြီး
ရှုသွင်းမှဟုဆိုကာ လေတစ်ဝကြီးရှုသွင်းလိုက်သူ
ကပ်စေးနဲသူ...............အီးကိုကုန်အောင်မပေါက်ပဲချန်ထားသူ
အတ္တကြီးသူ.................ငါ့အီးကမွှေးတယ်ဟုပြောသူ
အပေါင်းဖေါ်မက်သူ.....သူများအီးပေါက်ခြင်းကို နှစ်သက်သူ
သီးသန့်ဆန်သူ...........ဘယ်သူမှမရှိသောနေရာသို့သွားပြီး အီးပေါက်တက်သူ
ရေကိုချစ်သူ..............ရေချိုးကန်ထဲတွင်ရေချိုးရင်း အီးပေါက်သူ
အားကစားသမား.........ဗိုက်သားကိုတောင့်ပြီး အီးပေါက်သူ
ရိုးသားသူ...................အီးပေါက်ကြောင်းဝန်ခံသူ
အသိဥာဏ်ရှိသူ.........အီးပေါက်သံကြားတာနဲ့ဘယ်သူပေါက်တာလဲဆိုတာကိုတန်းပြောနိုင်သူ
ကံဆိုးသူ.................အီးပေါက်ရန်ကြိုးစာရင်း ချီးပါထွက်သွားသူ....
(သင် ရောဘယ်လိုလူစားထဲပါဝင်ပါသလဲ)

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews