Wednesday, August 15, 2012

အထွေထွေ နည်းပညာလေးများ

 Google Chrome မှာ မြန်မာဖောင့်မပေါ်ရင်

ဒီနည်းလေးကတော့ တော်တော် များများ သိပြီးသားပါ.. မသိသေးသူများအတွက်ပါ.. Google Chrome မှာ မြန်ဖောင့် မပေါ်တဲ့ အခတ်ခဲရှိနေမယ်ဆိုရင် ဒီနည်းလေးသာ လုပ်လိုက်ပါ.. ပထမဆုံး Google Chrome Install လုပ်ထားတဲ့ Folder လေးထဲကို သွားပါ.. Css ဆိုတဲ့ Nodepad  လေးတွေ့ပါလိမ့်မယ်.. အဲ Nodepad လေးထဲကို အောက်က ကုဒ်နံပါတ်လေးတွေ ကူးထည့်လိုက်ပါ..

 * , html, body, div,p {font-family:Zawgyi-One !important;}

ပြီးရင် ပြန်ပြီးတော့ save လုပ်ပြီး ပိတ်ပေးလိုက်ပါ.. ပြီးသွားရင် Google Chrome  ထဲကိုဝင်ပြီးတော့ 
Setting > Options မှာ Fonts လို့ ရိုက်ထည့်ပါ 
ပေါ်လာသည့်အထဲမှ Customize fonts ကိုဖွင့်ပြီး အားလုံးကို Zawgyi One ပြောင်းပေးလိုက်ပါ 
 အောက်ဆုံးက Encoding မှာတော့ Unicode (UFT-8).. ကိုပြောင်းပေးရပါမယ် .. ပြီးလျှင် Languages and spell-checker settings ထဲမှ Enable spell checking ရှေ့ မှအမှန်ခြစ်ကိုဖြုတ်ပေးရပါမယ် ..
အားလုံးပြီးစီးသွားရင်တော့ Google Chrome မှာ မြန်မာလိုပေါ်သွားပါပြီ.. အားလုံးအဆင်ပြေကြပါစေ..


Window အတက်မှာ Password တစ်ခုထက်ခံထားမယ်

ဒီကောင်လေးက လွယ်လွယ်လေးပါ.. မသိသေးသူများအတွက်ဖြစ်ပါတယ်.. password နှစ်ခုဆိုတော့ ပိုလုံခြုံ သွားတာပေါ့နော်.. လုပ်နည်းလေးကတော့ Run box (Ctrl + R) မှာ syskey လို့ရိုက်ထည့်လိုက်ပါ.. ဘောက်လေးတစ်ခု ပေါ်လာပါလိမ့်မယ်.. update ကိုသွားပါ  password startup ကိုရွေး ပြီး မိမိကြိုက်တဲ့ password ပေးလိုက်ပါ.. ပြီးရင် Ok ..ဒါဆို အဆင်ပြေသွားပါပြီ.. window password မတက်လာခင် ဒီကောင်လေးက အရင်တက်လာမှာပါ ..အားလုံးအဆင်ပြေကြပါစေ..


Jetaudio မှာ မိမိကြိုက်တဲ့ စာသားလေးတွေ ဖြတ်တောက်ထားမယ်

ဒီနည်းလေး ကတော့ ဖုန်း Ringtone အတွက် အသုံးပြုတာများပါတယ်.. ကိုကြိုက်တဲ့ စာသားလေးတွေ ရွေးပြီး ယူတာပါ.. အဓိကကတော့ wav ဖိုင်ပြောင်းလိုက်တာပါပဲ.. လုပ်နည်းကတော့ wav ဖိုင် လုပ်မဲ့ သီချင်းလေး ကို Jetaudio နဲ့ ဖွင့်လိုက်ပါ..မိမိ လိုချင်တဲ့  စာသား ရောက်ရင် Record (Ctrl+3) ကို click ပါ
Recording >socrce မှာ microphone ကို check ပေးပါ..
Target >File name မှာ ကြိုက်တဲ့ နာမည်ပေး Folder မှာ မိမိ save လိုတဲ့ နေရာကို ရွေးချယ်ပေးပါ 
အလွယ်ဆုံး desktop မှာပဲ သိမ်းထားလိုက်ပါ
Encoder မှာ wav ကိုရွေးချယ်ပါ စပြီး အသံဖမ်းလိုတဲ့ နေရာကိုရောက်ရင် Start ကို click ဖြတ်လိုတဲ့နေရာ ရောက်ရင် stop ပေါ့ microphone မရှိလို့ Mono out နဲ့ ဖြတ်မယ် ဆိုလည်း ဖြတ်လို့လည်းရပါတယ်.. အားလုံးအဆင်ပြေကြပါစေ..

(သိလို့တက်လို့ မဟုတ်ပါ.. သိထား တာလေးတွေ ပြန်ရှယ်ခြင်း သာဖြစ်ပါသည်)

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews