Sunday, August 5, 2012

ကွာတားဖိုင်နယ်အထိသာ ကျေနပ်လိုက်ရတဲ့ အိုလံပစ်အိမ်ရှင် ဂရိတ် ဗြိတိန်အသင်း

စနေနေ့ညမှာ ကစားခဲ့ တဲ့ အိုလံပစ် ဘောလုံးပွဲမှာ အိမ်ရှင် ဂရိတ် ဗြိတိန် အသင်းနဲ့ တောင်ကိုးရီးယားအ သင်းနဲ့ပွဲမှာ အိမ်ရှင် အသင်း ပင်နယ်တီအဆုံး အဖြတ်ဖြင့် ကွာတားဖိုင်နယ်မှ ထွက်သွားရပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမား များဖြင့်တဲ့ စတာရစ်နဲ့ ဘာတန်တို့ ပါဝင်ကစားခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင် ဂရိတ်ဗြိတိန်အ သင်းအနေနဲ့  တောင်ကိုရီးယား အသင်းဘက်ကို ဦးဆောင်ဂိုး အရင်ဆုံး ပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ ဆန်း ဒါးလန်းကစားသမား  ဂျီဒူဝန် က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမား များထဲမှ အိုလံပစ်ဘောလုံးပွဲမှာ စတာရစ်နဲ့ ဘာတန်တို့ ပါတဲ့ အသင်း ထွက်သွားရပြီး အော်စကာ တစ်ယောက်သာ ကျန်ရှိပါတယ်။ ဂရိတ် ဗြိတိန်အသင်း အတွက် ခြေပဂိုးကို အာဆင်နယ်ကစားသမား ရမ်ဆေးမှ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းကို ၁ ဂိုးစီ သရေရ လဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ၄၅ မိနစ်ပြီးဆုံး သွားပြီး အချိန်ပို ကန်သော်လည်း တစ်ဘက်နဲ့ တစ်ဘက် ဂိုးမသွင်းနိုင်ပဲ ပင်နယ်တီ သို့ ရောက်ရှိသွားပါတယ်။ တောင်ကိုရီးယား ဂိုးသမား အကောင်းဆုံးလက်စွမ်း ပြကာကွယ်မူ နဲ့ အတူ တောင်ကိုရီးယား အသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ တောင်ကိုရီး ယားအသင်းနဲ့ တွေ့ဆုံမဲ့ အသင်းကတော့ ဘရာဇီးအသင်းပဲဖြစ်ပါတယ်။ ဘရာဇီး အသင်းမှာ လည်း ချယ်လ်ဆီးရဲ့ တစ်ယောက်ထဲ ကျန်တော့တဲ့ အိုလံပစ်ကစားသမား အော်စကာ ပါဝင်နေပါတယ်။ ချယ်လ်ဆီး ကစားသမားတွေ ပါတဲ့  ဂရိတ် ဗြိတိန် အသင်း ကို ကျော်ဖြတ်ခဲ့တဲ့ တောင်ကို ရီးယားအသင်း နောက်ထက် ချယ်လ်ဆီး ကစားသမားပါတဲ့ ဘရာဇီး အသင်းကို ကျော်ဖြတ်နိုင်မလား ဆိုတာကိုတောင့် စောင့် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်း အနေနဲ့ ကတော့ ဒဏ်ရာ ပြသ နာတွေ များနေပြီး ဂရိတ် ဗြိတိန်နဲ့ ပွဲမှာလည်း ဂိုးသမားလက်ကျိုး ခဲ့ပါတယ်။ ဘရာဇီးအသင်းကတော့ ကွာတားဖိုင်နယ်မှာ ဟွန်ဒူးယက်အသင်းကို အနိုင်ယူဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews