Saturday, August 25, 2012

မော့ဆက်အား ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည့် ချယ်လ်ဆီး


ချယ်လ်ဆီး အနေနဲ့ ၀ီဂန်တောင်ပံ ကစားသမား မော့ဆက်ကို အပြီး သက်ခေါ်ယူနိုင် ခဲ့ပြီ ဖြစ်ပါတယ်.. ပြီးခဲ့ တဲ့ ရာသီပိတ် ခါနီး ၀ီဂန်အသင်း တန်းမဆင်း ရရေးအတွက် အကောင်းဆုံး စွမ်းဆောင်နိုင် ခဲ့သူ မော့ဆက်ဟာ တောင်ပံနှစ် ဘက်စလုံးကို ကစားနိုင်သူဖြစ်ပါတယ်.. အသက် ၂၁ နှစ်အရွယ် မော့ ဆက်ဟာ ၀ီဂန် အသင်းကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ က ချန်ပီယံရှစ်  ခရစ်စတယ်ပဲလေ့ အသင်းကနေ ပြောင်းရွေ့လာခဲ့ သူဖြစ်ပါတယ်.. 



ဝီဂန် ချယ်လ်ဆီး ပွဲမှာလည်း အသင်းအတွက် အကောင်းဆုံး ပုံစံနဲ့ ကစားခဲ့တဲ့ ကစားသမားဟာ ချယ်လ်ဆီး ဘက်ကို အကြိမ်ကြိမ် ထိုးဖောက်နိုင်ခဲ့ပါတယ်.. ယင်းပွဲ မတိုင်ခင်ကတည်း က ချယ်လ်ဆီး အသင်းမှ မော့ဆက်ကို အပြောင်းအရွေ့သဘော တူရန် နီးစပ်နေခဲ့တာပါ..  ယခုအချိန်မှာတော့ ချယ်လ်ဆီး အနေနဲ့ မော့ဆက်ကို ပေါင်း ၉ သန်းနဲ့ အပြီး သက်ခေါ်ယူနိုင် ခဲ့ ပြီဖြစ်ပါတယ်.. ချယ်လ်ဆီးအသင်း အနေနဲ့ ယခုရာ သီမှာ အသင်းကို ပြုပြင်ပြောင်းလဲ မူတွေအများ ကြီး လုပ်ထားခဲ့ပါတယ်.. အရင်က ၀ါရင့်က စားသမားတွေ နဲ့ ဖွဲ့ စည်းထားတဲ့ အသင်းဟာ နည်းပြသစ် ဒီမက်တီယို လက်ထက်မှာတော့ အရင်ပုံစံ နဲ့မ တူအောင် အကောင်းဆုံးပုံ စံနဲ့ အသင်းကို တည်ဆောက်နေပါတယ်.. ဒီမက်တီယို အနေနဲ့ ဒီရာသီမှာ အောင် မြင်မူတွေရမယ် မရဘူးဆိုတာ ကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်.. လက်ရှိ ၂ ပွဲကစား နှစ်ပွဲနိုင် ၆ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်..


လက်ရှိ ဥရောပ ချန်ပီယံ ချလ်ဆီးကတော့ ပြီးခဲ့တဲ့ သောကြာနေ့မှာလည်း ပြင်သစ်လိဂ် ၁ မာဆေးအသင်းမှ နောက်ခံကစား သမား Cesar Azpilicueta ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်.. အသက် ၂၂ နှစ်အရွယ် နောက်ခံ ကစားသမားဟာ  လန်ဒန်အိုလံပစ်မှာ စပိန်လူငယ် လက်ရွေးစင် ကစားအဖြစ်ပါဝင် ရွေးချယ်ခံခဲ့ရသူပါ.. ချယ်လ်ဆီး အသင်းအနေနဲ့ အသင်းမှာ စပိန်ကစား သမားအများ ဖြစ်ကြတဲ့ တောရက်စ် ၊ မာတာ ၊ Romeu တို့အပြင် ယခု ကစားသမားပါ ခေါ်ယူထားပါတယ် ..
အသင်းအနေနဲ့ ယနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ နယူးကာဆယ် အသင်းကို အိမ်ကွင်း စတန်း ဖို့ဒ်ဘရက် မှာ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews