Thursday, August 23, 2012

အိမ်ကွင်းမှာ ဂိုးပြတ် အောင်ပွဲခံခဲ့တဲ့ ချယ်လ်ဆီး ( ၄ - ၂ )

မနေ့ညက ကစားခဲ့ တဲ့ ချယ်လ်ဆီး - ရိဒင်းနဲ့ ပွဲမှာ ၄ - ၂ နဲ့နိုင်ပြီး ချယ်လ်ဆီးတို့ အမှတ်ပေး ဇယားကို ၆ မှတ်နဲ့ ဦးဆောင်နိုင်ခဲ့ ပါတယ်. Stamford Bridge မှာ ကစားခဲ့ တဲ့ ဒီပွဲ မှာ အိမ်ရှင် အသင်းအနေနဲ့ အကောင်း ဆုံးခြေ စွမ်းပြကစား သွားနိုင်ခဲ့ပါတယ်. ပထမပိုင်းမှာ ဟာဇက်ကို ပင်နတီဧရိယာ ထဲမှာ ရိဒင်းနောက်ခံ လူဖြတ်ထုတ် ရာမှာ ချယ်ဆီး အသင်း ပင်နယ်တီ ရရှိခဲ့ပါတယ်. ဒီပင်နယ်တီ ကို လမ်းပက် က အမှားအယွင်း မရှိ ကန်သွင်း ပြီး ချယ်ဆီးတို့ ဦးဆောင် ဂိုးရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိဒင်း အသင်းရဲ့ တန်ပြန်တိုက်စစ် တွေကတစ်ဆင့် ချယ်ဆီးတို့ ရိဒင်းကို ၂ ဂိုးဆက်တိုက် ပေးလိုက်ရပါတယ်. ပထမပိုင်းမှာ ၁-၂ ဂိုးနဲ့ပဲ ပြီးဆုံးသွားခဲ့ ပါတယ်.

  ဒုတိယပိုင်း စပြီဆို ကတည်းက ချယ်ဆီး တို့ ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ပါတယ်.. မိနစ် ၆၀ ကျော်မှာ ပဲ ကာဟေးရဲ့  အဝေးကန် ချက်နဲ့ အတူ ချယ်ဆီး ၁ ဂိုးထက်ရခဲ့ပါတယ်. လူအချိန်းအပြောင်း တွေနဲ့ ချယ်ဆီး ရဲ့ တိုက်စစ်ကို ရိဒင်း အသင်း ကောင်းစွာ မခုခံနိုင်ခဲ့ပါဘူး .. မိနစ် ၈၀ မှာ ချယ်ဆီးရဲ့ ဦးဆောင် ဂိုး ကို အရှလေကိုးလ် ရဲ့ ဖန်တီးပေးမှုကတဆင့် တိုက်စစ်မှူး တောရက်စ် ကအနီးကက် သွင်းယူပေးခဲ့ပါတယ်..
ဦးဆောင် ဂိုးပေးလိုက်ရတဲ့ နောက်ပိုင်းမှာ ရိဒင်းအသင်း လူစားလဲမှုတွေ ပြုလုပ်ခဲ့ ပြီး ချယ်ဆီးကို ဖိအား ပြန် ပေးနိုင်အောင် ကြိုးစားခဲ့ ပါတယ်.. နာကျင်အချိန်ပို ၅ မိနစ် နောက်ဆုံး အရောက်မှာ တော့ ချယ်ဆီး အတွက်အနိုင် သေချာစေမဲ့ ၄ လုံးမြောက် ဂိုး ကို အီဗန်နိုဗစ် ကသွင်းယူပေးခဲ့ပါတယ်. ဒီဂိုး ကိုတော့ ကောင်တာ ကတစ်ဆင့် ဟာဇက် ဆွဲ ပြေးသွားပြီး အီဗန်နိုဗစ်ကို ဖန်တီး ပေးခဲ့တာပါ.. ပွဲအပြီးမှာ တော့ ချယ်ဆီး ၄-၂ နဲ့ ဂိုးပြတ်အောင်ပွဲ ခံနိုင်ခဲ့ပါတယ်.. ဒီနိုင်ပွဲ ကြောင့် ချယ်ဆီး အသင်း ပရီးမီး ယားလိဒ် အမှတ် ပေးဇယားမှာ ၆ မှတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ ပါတယ်.. ဒီပွဲ ကတော့ ပရီးမီးယား လိဒ်ရဲ့ ပွဲ စဉ် ၃ ဖြစ်ပါတယ်.. အသက်လတီကို အသင်းနဲ့  စူပါဖလား ကန်ရမဲ့ ပွဲရှိနေလို ပွဲစဉ် ၃ ကို ကြိုကန်ခဲ့ ခြင်း ဖြစ်ပါတယ်..

လာမည့် သြဂုတ်လ ၂၅ ရက်နေ့ စနေနေ့မှာ ချယ်ဆီး အနေနဲ့ အိမ်ကွင်း Stamford Bridge မှာ နယူးကာဆယ် အသင်းကို လက်ခံယှဉ် ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews