Saturday, August 4, 2012

အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ ၄.၈.၂၀၁၂

တိုက်စစ်မှူး ဗန်ပါစီ  ဂျူဗင်တပ်စ် သို့မဟုတ် မန်ချက်စတာ မြို့ခံ ၂ သင်းထဲက တစ်သင်း ထဲသို့ ပြောင်းမည်ဆိုတဲ့ သတင်းတွေက ဆက်တိုက် ထွက်ပေါ်နေ တဲ့အချိန်မှာ အာဆင်နယ် အသင်းဟာ မာလဂါ အသင်း ကွင်းလယ် ကစားသမား ကာဇိုလာကို ၄ နှစ်သက်တမ်း တစ်ရပ်ရှိတဲ့ စာချုပ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်တယ်လို့ ဂါးဒီးယန်း သတင်းက ဖော်ပြ လိုက်ပါတယ်။ ပြောင်းရွှေ့ကြေး က ပေါင် ၁၆ သန်းဝန်းကျင် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၈ နဲ့ ၂၀၁၂ ဥရောပချန်ပီယံ စပိန်အသင်းတွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ တိုက်စစ် အားသန်တဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ပြီး ပိုဒေါစကီး ၊ ဂျီရော့ တိုက နဲ့ အတူ အာဆင်နယ် တိုက်စစ်ကို ပုံဖော်ပေးမဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဘောလုံးကစားရာမှာ မြန်နှုန်းမြင့် ကစားတတ်ပြီး နေရာစုံ ကစားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား ကောင်းတွေ ခုလို ဒီရာသီမှာ အာဆင်နယ် လက်ဦးအောင် ခေါ်နေခြင်းဟာလည်း မနှစ်က ဖြစ်ပျက်ခဲ့တဲ့  အဖြစ်အ ပျက်တွေကို သင်ခန်းစာယူပြီး အသင်းမှ ဗန်ပါစီ ထွက်ခွာမသွားအောင် တားနေခြင်း ဖြစ်ပါတယ်။ နောက်ပြီး အသစ်ဝယ်ယူထားတဲ့ ကစားသမားတွေနဲ့ အတူ တစ်ရာသီကြာ ဒဏ်ရာကြောင့် အနားယူထားရတဲ့ ၀ီရှဲလ်ကလည်း အောက်တိုဘာ မှာ ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ခုလို ခေါ်ယူနေခြင်းဟာလည်း .. ဗန်ပါစီ နေရင်လည်း နေ ထွက်ချင်ရင်လည်း ထွက်လို့ရနိုင်အောင် ကြိုတင်ကာကွယ် ထားခြင်း လည်းဖြစ်ပါတယ်။
 အာဆင်နယ်ကို အငှားနဲ့ ရောက်လာဖို့ များနေတဲ့ နျူရင်ဆာဟင်

 ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဆာဟင် ဟာ ဒီရာသီမှာ ရီးရဲလ်ကနေ ထွက်ခွာချင်နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး အသင်းနည်းပြ မော်ရင်ဟို ကိုယ်တိုင်ကလည်း အဆိုပါ ကစားသမား ကို ထွက်ခွာလိုက ထွက်ခွာနိုင်ပါကြောင်း ခွင့်ပြုထားပြန်ပါတယ်။ အဆိုပါ ၂၃ နှစ်သားဟာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ် အသင်းကို မနှစ်က ပြောင်းရွှေ့လာခဲ့ သူလည်း ဖြစ်ပါတယ်။ ဒီ တူရကီ ကြယ်ပွင့်ဟာ ဒေါ့မွန်အသင်းကို မနှစ်က ပြည်တွင်းလိဂ် ချန်ပီယံ ဖြစ်အောင်ကူညီနိုင်ခဲ့သူ ဖြစ်ပါတယ်။ 

ဘော်လ်တန်သို့ တစ်ရာသီ အငှားဖြင့်ရောက်ရှိသွားတဲ့ အဖိုဘီ

 အာဆင်နယ် လူငယ်တိုက်စစ်မှူး အဖိုဘီဟာ ဘော်လ်တန် အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ သွားခဲ့ပါတယ်။ အာဆင်နယ် အသင်းသို့ သူရောက်ရှိခဲ့တာဟာ ၁၁ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။  အဖိုဘီ ဘော်လ်တန် သို့ ပြောင်းရွှေ့ လာခဲ့ခြင်းအတွက် အာဆင်ဝင်းဂါး နဲ့ အာဆင်နယ် အသင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂိုးသွင်းနိုင်မှု စွမ်းရည် မြင့်မား သူတစ် ဦးဖြစ်ကြောင်းကိုလည်း ချီးကျူးပြောဆိုထားပါတယ်။ အာဆင်နယ် ဖန်တွေအတွက်တော့ အဆိုပါကစား သမားကို စတာရစ်ခ်ျ၊ ကာကူတာ တို့ထက်ပိုကောင်းသော ကစားသမား အဖြစ် မြင်တွေ့လိုနေကြပါတယ်။
Arsenalmyanmar

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews