Saturday, August 4, 2012

အာကာသ ယာဉ်မောင်းမည့် အမျိုးသမီး စက်ရုပ်များ လာတော့မည်

အမျိုးသမီး ပုံစံ စက်ရုပ်များအား အာကာသယာဉ်များ အတွက် ပိုမိုအသုံးဝင် အထောက်အ ကူပေးလာနိုင်စေရန် ဖန်တီးနေကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသား အာကာသအေဂျင်စီက ဆိုသည်။ ယင်းစက်ရုပ်များကို ဓအိုင်လာ ဓဟု အမည်ပေးထားပြီး ဂျာမနီနိုင်ငံ အာကာသလေကြောင်း ဆိုင်ရာဗဟိုမှ ယင်းအတွက် ကန်ဒေါ်လာ ၄ ဒသမ ၅၉ သန်းခန့် အကုန်ခံကာ သုတေသနပြုရန် စီစဉ်လျက်ရှိ ကြောင်းလည်းသိရသည်။
”လူလိုပြုမူဆောင်ရွက် နိုင်စေဖို့ ကျွန်တော်တို့ ချဉ်းကပ် ဆောင်ရွက် ကြမှာ ပါ”ဟု ဂျာမနီနိုင် ငံ စက်ရုပ်များ ဆန်းသစ်ပြောင်း လဲရေးဌာနမှ ဒေါက်တာ ဖရန့်ကာ ချနာက ပြောသည်။ ယခုကြံစည်နေကြသည်မှာ လူ သားထိန်းချုပ်သူက မြေပြင်မှ အထူး စီစဉ်ထားသည့်ကွန်ပျူတာ မောက်စ် ဖြင့် အာကာသယာဉ် ပေါ်ရှိ စက်ရုပ်အား ထိန်းသိမ်း စေခိုင်းနိုင်စေရန်ပင်ဖြစ်သည်။ ဂျာမနီနိုင်ငံမှ ပုံစံထုတ်သည့် အိုင်လာ စက်ရုပ်မှာ ခေတ်မီအမျိုး သမီးများ၏ ဆံပင်ပုံစံဦးခေါင်းပါရှိပြီး၊ အမျိုးသမီးခန္ဓာကိုယ်တည် ဆောက်ပုံ အတိုင်းပြုလုပ်ထားခြင်း ဖြစ်သဖြင့် အခြားစက်ရုပ်များနှင့် မတူခြား နား နေခြင်းဖြစ်သည်။ အမှန်အားဖြင့်မူ စက်ရုပ်များဝယ် လိင်ကွဲပြားခြား နားမှုမရှိပါ။ ပုံ သဏ္ဍာန်ကသာ အမျိုးသမီး သဏ္ဍာန် ဆောင်နေခြင်းဖြစ် သည်။ အိုင်လာ စက်ရုပ် အတွက် ထိန်း သိမ်းမောင်းနှင်မှု စနစ်အသစ်ကိုလည်း တီထွင်ထားပြီး၊ ယခင်ဖန်တီး ခဲ့သမျှ စက်ရုပ်မျိုးဆက်များထက် သာလွန် ကောင်းမွန်အောင် စဉ်ဆက်မပြတ် စီစဉ်နေကြောင်းသိရသည်။
popular new

0 comments:

Post a Comment

ကျနော် သိထားသော တိုတိုထွာထွာလေးများ နဲ့ အင်တာနက်ပေါ်မှ သတင်းနှင့် နည်းပညာများ သာဖြစ်ပါသည်.. ရောက်လာသူအားလုံး စိတ်၏ချမ်းသာခြင်း.. ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ..
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews